ဘာကြောင့်လဲ



မြေခတစ်ပွင့်ရဲ့ တံခါးခေါက်သံမှာ
မရိုးသားမှုတွေမရှိခဲ့ပါဘူး
ချစ်သူကသာ နမ်းရှိုက်မယ်ဆို
ခြောက်သွေ့တဲ့အထိ ရနံ့ပေးမယ့်
နှလုံးသားတစ်ခုပေါ့….။

မြေခပန်းတစ်ပွင့်ရဲ့ ရနံ့ဟာ
ချိုမြိန်နေမယ်ဆိုတာ
မာယာလှည့်စား
မိစိမ်းကားတို့ မသိလို့လား….။

ပွင့်ချပ်တစ်ခုရဲ့ လမ်းလျှောက်သံတိုင်းမှာ
မျှော်လင့်ရှိတယ်လို့
မိညိုမတို့ မေ့လို့နေလား…..။

နှလုံးသားတေးသွားတစ်ချို့ရဲ့
မိုးမလုံမှုဟာ
ကိုယ့်အတွက် အပြစ်လားချစ်သူ….။

                                                ကိုလူချော။

0 comments:

Post a Comment