ရင်ခုန်သံတွေကို
သံစဉ်မညှိတတ်တဲ့…..ငါ
အခု ရင်ခုန်သံတွေ အသံမမည်တော့ဘူး….။
အချစ်ကို ကိုးကွယ်ခဲ့တဲ့….ငါ
အချစ်နဲ့ ကစားတတ်လာပြီ။
မင်းပြောတဲ့ “ တုံးတိတိ ရိုးအတဲ့ ” ငါ
လှပစွာ လိမ်ညာတတ်လာပြီလေ…..။
အလွမ်းတွေကို သိမ်းဆည်းတတ်တဲ့…..ငါ
မျက်ရည်တွေကို ကျောခိုင်းတတ်လာပြီ။
ဒါပေမယ့်
မင်းကို ချစ်မိတဲ့…..ငါ
အခုထိမေ့မရပါဘူး…..။
ကိုလူချော။
0 comments:
Post a Comment