အကန့်အသတ်မဲ့ ရပ်နားခြင်း

ဝေါဟာရတွေ
ကျိုး/ပြတ် သွားလို့
ငါ့ကဗျာလေး ခဏရပ်ထားတယ်။
ရက်အကန့်အသတ်မရှိပေါ့..။

စကားလုံးဆိုတာ
နှလုံးသားရဲ့ညွှန်းဆိုရာ
သံယောဇဉ်ရဲ့ နိမိတ်သင်္ကေတ
ရင်းနှီးတွယ်တာမှုရဲ့ပုံရိပ်.....တဲ့။

တစ်စိတ်တစ်ဒေသလောက်မှ
ထပ်တူမကျတဲ့ ရင်ခုန်သံကို
ငါ ဘယ်လိုရှေ့ဆက်ထုဆစ်ရပါ့မလဲ။

နာကျင်ကြေကွဲခြင်းတွေရဲ့ကြား
ဗျာများနေရမယ်ဆိုရင်တောင်
ခံစားချက်ကိုတော့ လှောင်ပြောင်မခံနိုင်ဘူး။

ဒါ့ကြောင့်
ငါ့ကဗျာလေး ခဏရပ်ထားတယ်။
ရက်အကန့်အသတ်မရှိပေါ့......။
                              နိုင်လွမ်းအောင်(ဟင်္သာတ)

0 comments:

Post a Comment