ပြီးဆုံးသွားပြီထင်ပါတယ်


မပေါင်းဖြစ်တဲ့အချစ်တွေကို
ဝဋ်ကြွေးလို့သတ်မှတ်
အဆုံးဖြတ်က မလှမပ
ငါ့ဘ၀ကို မကျေနပ်ဘူး….။

မင်းခင်းပေးတဲ့လမ်း မလျှောက်လှမ်းရဲဘူး
ဘ၀တွေကခြားနား
တာဆီးကာထားတဲ့ ဂုဏ်ဓနတံတိုင်းကြီးက
ငါတို့ကို အားနည်းစေလို့ပါ…။

မင်းဘ၀က သဇင်ပန်း
ပင်မြင့်မှာပွင့်လန်းတဲ့ နန်းမြင့်တဲ့ပန်းသဇင်ကို
တော်ဝင်သူတွေကသာ ပန်ဆင်ထိုက်တာပါ…။

ငါ့ဘ၀က ခရေပန်း
လေဝေ့လို့ကြွေကျ မြေခရတဲ့ဘ၀မို့
ပင်မြင့်က ပန်းသဇင်ကို
မမှန်းရဲပါဘူး….။

စောင့်နေပါ့မယ်
ကြွေကျမြေခတဲ့အချိန်ထိ…….။


                             ဗိုလ်ကော (ကျောက်ကာ)

0 comments:

Post a Comment