ဘုရားသခင်ရဲ့အပျော်ကျူးမှုကြောင့်
ပေါက်ဖွားလာတဲ့
အိပ်မက်ဆိုးတစ်ခုပါ…။
မင်းလှည့်စားခဲ့တာမဟုတ်ဘူး
ချစ်တရားကို
မိတ်ဖွဲ့လိုတဲ့
မောင်းနှင်အားဆန္ဒကြောင့်
ငါကိုယ်တိုင်က
ဒီသစ်သီးကို မြတ်နိုးခဲ့တာပါ…။
ငါဖန်တီးထားတဲ့
ခေတ်သစ်ကျမ်းစာမှာ
တို့နှစ်ယောက်ဝေးကွာသွားတဲ့စာမျက်နှာက
လူတိုင်းရဲ့သေရာပါနှလုံးသားမှာ
အရမ်းကိုခမ်းနားလွန်းခဲ့တယ်…။
နေရာတွေထပ်ခဲ့တယ်
ဒါပေမယ့်
ဖြေစရာတွေတစက်စက်ကြေမွလို့…။
ဒါဟာ…
စေတန်ရဲ့မိုက်မဲမှုသက်သက်ဆိုရင်
ခံယူရတဲ့အပြစ်ဒဏ်က
ဘာဖြစ်လို့များ
တို့နှစ်ယောက်ကို
ကမ္ဘာခြားစေခဲ့တာလဲ…။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့
သေချာတာကတော့
မင်းက
ငါပျောက်ဆုံးခဲ့တဲ့
ပန်းနုရောင်
ကိုယ်ပိုင်နံရိုးလေးတစ်ချောင်းဆိုတာ….
မင်းညိမ်း
(ဒေါင်းဖြူ)။
0 comments:
Post a Comment