နေဆိုရင်လည်း
ရဲရဲပူမှ
လဆိုရင်လည်း
ထိန်ထိန်သာမှ
မိုးဆိုရင်လည်း
ဖြိုင်ဖြိုင်ရွာမှ
နွေဆိုရင်လည်း
ခြစ်ခြစ်ပူမှ
ဆောင်းဆိုရင်လည်း
ခိုက်ခိုက်တုန်မှ
ငိုရင်လည်း
ရွှဲရွှဲစိုမှ
လွမ်းရင်လည်း
သည်းသည်းလှုပ်မှ
ရယ်ရင်လည်း
သိမ့်သိမ့်တုန်မှ
မိုက်ရင်လည်း
ကမ်းကုန်မှ
လိမ္မာရင်လည်း
အပြစ်ပြောစရာမရှိမှ
မုန်းရင်လည်း
ခါးခါးသီးသီးမှ
ချစ်ရင်လည်း
တဟစ်ဟစ်အသံမြည်မှ
နောက်ဆုံးရလာဒ်ကတော့
”
တယူသန်သမား“ တဲ့….။
တက္ကသိုလ်-မောင်ဒီပါ။
0 comments:
Post a Comment